November 16, 2017

မြန်မာ နိုင်ငံ တည်ဆဲ တရားဥပဒေ စိုးမိုးရေး ရှိ မရှိ ဆန်းစစ်ခြင်း

ကျွန်တော်တို့  မြန်မာပြည်ကြီးက လွတ်လပ်ရေး မရမှီ အချိန်ကတည်းက မြန်မာ့ရိုးရာ ဓလေ့ ထုံးတမ်း စီရင်ထုံးများကို လိုက်နာ ကျင့်သုံးခဲ့ရာ စနစ်တကျ နေထိုင်ခဲ့ပြီး တရားစီရင် ရာတွင်လည်း အရေးပါခဲ့သည်ကို တွေ့ရပါသည်။

၁၉၄၇ ခုနစ်တွင်  မြန်မာပြည်ကြီး လွတ်လပ်ရေး ရခဲ့ပြီး ဦးနု အစိုးရ လက်ထက်တွင် ဦးချန်ထွန်းမှ ဖွဲ့စည်းပုံ အခြေခံ  ဥပဒေ ရေးဆွဲခဲ့ပါသည်။ထို့နောက် ၁၉၇၃ ခုနစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒုတိယမြောက် ဥပဒေ မူကြမ်းကို  ၁၉၇၄ ခုနစ်တွင် ပြည်သူ့ လွှတ်တော်မှ အတည်ပြုပြီး မြန်မာ ဆိုရှယ်လစ် ပါတီမှ ဦးနေ၀င်း မြန်မာနိုင်ငံဧ။် သမ္မတ ဖြစ်လာခဲ့သည်။

စက်တင်ဘာလ ၁၉၈၈ ခုနှစ်တွင် ပြည်နယ်ဥပဒေနှင့် အမိန့်ပြန်လည်ထူထောင်ရေးကောင်စီ (နဝတ) အခြေစိုက် စစ်တပ်က ၁၉၇၄ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရပ်ဆိုင်းခဲ့သည်။

နဝတ ၁၉၉၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စည်းဝေးကြီးတစ်ခုကိုခေါ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒီမိုကရေစီ နည်းမကတောင်းဆိုပါက သပိတ်မှောက်သောအခါ ၁၉၈၈ ခုနှစ်တွင်ဆိုင်းငံ့ခံခဲ့ရသည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ စည်းဝေးကြီးတစ်ခုကို နောက်တဖန် ပေမယ့် NLD ပါတီမပါသည့် ၂၀၀၄ ခုနှစ် လို့ ခေါ်ခဲ့ပါတယ်။
မြန်မာ ၂၀၀၈ အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ကျန်ရစ်၏။


ထို့နောက် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ  ပြည်သူများ အတွက် ဖွဲ့စည်း ထားသည်ဆိုသော် ယနေ့တိုင် တိုင်းရင်း ပြည်သူများ ထို အခြေခံ ဥပဒေကို ပြောင်းလဲရန် ဆန္ဒပြခြင်းများ အစဉ်မပြတ် ပြုလုပ်နေသည်ကို တွေ့ရသော် ပြည်သူများ ဖော်ပြချက်ကို ပြောင်းလဲပေးရန် လုပ်ဆောင်ချက် မတွေ့ရပါ။

 ပြဠာန်း ထားသည့် ဥပဒေကို ပြည်သူများ လိုက်နာကျင့်သုံးလေ့ မရှိတော့ပဲ ဒုစရိုက် လုပ်ငန်း၊ လူသတ်မှု၊ ခိုးယှက်မှူ၊ ဓားပြတိုက်မှုများ၊ မုဒိန်းမှုများ ပိုမို များလာပြီး အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှု မရှိသည်ကို တည်ဆဲ အမှုများကို သာဓက အဖြစ် ဖော်ပြနိုင်ပါသည်။

* မသီသာထွေး မုဒိန်းကျင့်ခံရမှု
* တရားအားထွက်ရန် သွားသည့်အဖွဲ့ အသတ်ခံရမှု
* ဦးကိုနီ လုပ်ကြံခံရမှု နောက်ခံ တရားခံ
* ၄ လောင်းပြိုင် လူသတ်မှု
* ဒေါ်လာ သိန်း ၃၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးဧ။် နောက်ခံ တရားခံ
* နေပြည်တော် လေဆိပ်တွင် လက်နက် ဖမ်းဆီးမှု

ထိုကဲ့သို့သော အမှုများသည် နိုင်ငံတော် တရား ဥပဒေ စိုးမိုးရေးကို ထိပါးစေပြီး ဥပဒေကို လိုက်နာကျင့်သုံးမှုရာတွင် လေးစား လိုက်နာမှု နည်းနေသည်ကို တွေ့ရသည်။ နိုင်ငံတော်တွင် ယခုဆိုလျင်လည်း မတည်မငြိမ်သက်မှုများ ပိုမိုများနေသည်ကို တွေ့ရပါသည်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်  နိုင်ငံတော်နှင့် ပြည်သူများ အတွက် တရား ဥပဒေ စိုးမိုးရေး ပြည့်ဝခြင်း မရှိသော်လည်းပဲ အကျုံးဝင်နေပါသည်။ ပြင်ဆင်လျှင် ပိုမို ထိရောက်မှု ရှိပြီး ပြည်သူ ပြည်သားများ အတွက် အကျိုးရှိမည် ကို ကျွန်တော် စာရေးသူ အမြင် မျှဝေ ဝေဖန်ပေးအပ်ပါသည်။ Khin Maung Lwin (L.L.B)

No comments:

Post a Comment