October 30, 2017

ကိုအောင်နိုင်စိုး လွတ်မြောက်ရန် ကူည်ီ ဆောင်ရွက် ပေးကြဖို့ တိုင်ကြားစာ ပို့နိုင်ပါတယ်

ကမ်ပိန်းတစ်ခုလုပ်ချင်ပါတယ်။
အောင်နိုင်စိုးအတွက် ဒီအချိန်က အရမ်းအရေးကြီးပါတယ်

အောက်တိုဘာ ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်ခန့်မှာ တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက နိုင်ငံခြားသား သတင်းထောက်နှစ်ဦး၊ မြန်မာသတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ကို လွှတ်တော်အဆောက်အဦအနီးမှာ ခွင့်ပြုချက်မဲ့ ဒရုန်းလွှတ်တင်တယ်ဆိုပြီး ဖမ်းဆီးသွားခဲ့ပြီးနောက် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

ကိုအောင်နိုင်စိုးဟာ နိုင်ငံတကာသတင်းမီဒီယာပေါင်းများစွာနဲ့ လက်တွဲလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသတင်းသမားတစ်ယောက်ဖြစ်ပါတယ်။ ဖော်ရွေတတ်ပြီး အမြဲပြုံးရွှင်နေတတ်တဲ့ သူ့ကို သတင်းလောကမှာ လူတော်တော်များများသိကြပါတယ်။ ကိုအောင်နိုင်စိုးဟာ သူ့ပရော်ဖက်ရှင်ကို တန်ဖိုးထားသူတစ်ယောက်ဆိုတာယုံမှားသံသယမဖြစ်မိပါဘူး။ အတိုက်အခိုက်နဲ့ မဟုတ်မမှန်အဖွခံရမှုပေါင်းများစွာ ကြုံခဲ့ရပေမယ့်လည်း သူ့ရဲ့ပရော်ဖက်ရှင်နယ်ကို ဘယ်တော့မှမစွန့်ခွာဘဲ ဖက်တွယ်ထားခြင်းကိုက သက်သေပါပဲ။

သတင်းသမားတစ်ယောက်အခက်ကြုံတဲ့အခါ လောကသားအချင်းချင်းဝိုင်းဝန်းပေးတတ်ကြတာ ထုံးစံပါပဲ။ မကူညီချင်တောင် ချောက်မတွန်းတတ်ကြပါဘူး။ အခုကိုအောင်နိုင်စိုး ဒုက္ခတွေ့နေစဉ်မှာ ဖေ့စ်ဘုတ်ပေါ်မှာ ချောက်တွန်းရေးသားချက်တွေတွေ့နေရပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုလို့ ထင်လို့ရပါသေးတယ်။ ဒါပေမဲ့ လူတိုင်းသိတဲ့ မီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ Website မှာ ၂၇ အောက်တိုဘာက တင်တဲ့ “လွှတ်တော်ကျင်းပနေစဉ် ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူနေသည့် ပြည်ပသတင်းထောက်များအပါ လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်” ဆိုတဲ့ သတင်းရဲ့ အောက်ဆုံးမှာ “ရဲတပ်ဖွဲ့၏ခေါ်ယူစစ်ဆေးမှု ခံနေရသူမျာထဲတွင် တစ်ဦးမှာ ဘင်္ဂါလီ ARSA အကြမ်းဖက် ခေါင်းဆောင်နှင့် အဆက်အသွယ်ရှိသူတစ်ဦးဖြစ်နိုင်သည်ဟု ဓါတ်ပုံအချို့နှင့်အတူ လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသော် လည်း ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက အသေးစိတ်ထုတ်ပြန်ခြင်းမရှိချေ” ဆိုပြီး သတင်းမီဒီယာကျင့်ဝတ်ချိုးဖောက်တဲ့ အပိုဒ်တစ်ပိုဒ်ကိုလထည့်သွင်းရေးသားခဲ့ပါတယ်။ အဲဒီစာပိုဒ်ကို ၂၈ ရက်မှာ ပြန်ဖြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Screen Shot ရယူထားနိုင်ခဲ့ပါတယ်။

ဒီလိုရေးသားချက်ဟာ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (ဆ) (ဇ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့်ကျင့်ဝတ် စည်းကမ်းကို ချိုးဖောက်ရာရောက်နေပါတယ်။ Eleven Media Group ရဲ့ ကျင့်ဝတ်မဲ့တဲ့ သတင်းရေးသားမှုကြောင့် ကိုအောင်နိုင်စိုးရဲ့ Career ကိုပါ ထိခိုက်နိုင်တာမျိုးရှိပါတယ်။ အလဲဗင်းသတင်းဌာနရဲ့လုပ်ရပ်ဟာ မဆီမဆိုင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား သတင်းလောကသားတစ်ဦးကို ဝိုင်းဝန်းပေးခြင်းမရှိရုံမက အမှုကြီးသထက်ကြီးပြီး ဒုက္ခရောက်အောင် အပြီးချောက်တွန်းတဲ့လုပ်ရပ်တစ်ခုလို့ ကျွန်တော်တို့ယူဆပါတယ်။ ဒီလိုကျင့်ဝတ်မဲ့မှုကြောင့် ကိုအောင်နိုင်စိုးသာမက သူ့ရဲ့မိသားစုဝင်တွေအတွက်မှာပါ အင်မတန်နစ်နာမှုများရှိနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ကျင့်ဝတ်မဲ့ရေးသားချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ကို တိုင်စာများလိပ်မူပေးပို့ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကိုယ်တိုင်လည်း တိုင်ကြားပေးပြီး တခြားသူတွေကိုလည်း တိုင်ကြားဖို့ ထပ်ဆင့်တိုက်တွန်းပေးကြပါဦး။

Email ဖြင့်ပေးပို့တိုင်ကြားလိုသူများအတွက် -
Mediafire - http://www.mediafire.com/file/41s9112id2ps76c/complaint-form_ANS.doc
pCloud - https://my.pcloud.com/publink/show?code=XZP3VV7ZHD9RMzpcazpbkDAvv7aHwkMMmPlX

တိုင်စာဖြင့်ကိုယ်တိုင် တိုင်ကြားလိုသူများအတွက် -
Mediafire - http://www.mediafire.com/file/n897g9k7vmzi5iq/complaint-form_ANS.pdf
pCloud - https://my.pcloud.com/publink/show?code=XZDEVV7Zx7CB7wStHJB0660l7H3iKyuqRlGy

(မှတ်ချက် - ပေးထားတဲ့ကွက်လပ်လေးတွေမှာ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပြီး တိုင်ကြားရုံပါပဲ။ စာဖိုင်နဲ့အတူ အလဲဗန်းရဲ့ရေးသားဖော်ပြချက် ပုံနှစ်ပုံကိုလည်း ထည့်သွင်းပေးထားပါတယ်။ တိုင်စာနဲ့အတူ ပူးတွဲတင်ပြရန်ဖြစ်ပါတယ်)

မြန်မာသတင်းမီဒီယာကောင်စီ အီးမေးလ်
mmpresscouncil@gmail.com

လူကိုယ်တိုင်သွားရောက်တိုင်ကြားလိုပါက ဒေါင်းလုတ်ဆွဲ၊ ပရင့်ထုတ် ဖောင်ဖြည့်ပြီး ၃၅လမ်း အလယ်ဘလောက်မှာ သွားရောက်တိုင်ကြားနိုင်ပါတယ်။

ခေါင်ဆောင်နှင့် ခေါင်းရှောင် ခွဲခြားတတ်ဖို့ အရေးကြ်ီိးသည်

ရခိုင်ပြည်နယ်မှာ ရခိုင် ကုလားနှင့် ရခိုင် ဗမာပဲ ရှိတာ လူတိုင်း သိတယ်။ ကုလား အိမ် ကုလား ရှို့မလား။ရခိုင် အိမ်ရော ရခိုင် ရှို့မလား။ မဟုတ်ရင်တော့ စစ်သားရှို့တယ် ရဲရှို့တယ် ဖြစ်ရမယ်။ မဟုတ်ရင် သင်္ကြားမင်း ဆင်းရှို့တာပဲ ဖြစ်ရမယ်လေ။

ရခိုင်ပြည်နယ်မှာ ဖြစ်သမျှ ဘာတစ်ခုမှ အထောက်အထား မရှိဘူး။ အကုန်လုံးက ကိုယ်ဖြစ်ရင် သူ့ကို ညွှန်းလိုက် သူဖြစ်ရင် ကိုယ့်ကို ညွှန်းလိုက်နဲ့ပဲ ဖြစ်နေတာ။

တရား ဥပဒေ စိုးမိုးရေး ကင်းမဲ့ဇုံလို့တောင် ပြောလို့ရတယ်။လူတိုင်း ထမင်းစားပြီး ကြီးပြင်းလာကြတာပါ။

မကြာသေးမှီကလည်း သတင်းလိမ်တွေ ခေါင်းဆောင်တွေ ကိုယ်တိုင် Social Media မှာတင်တာတွေ တွေ့ရတယ်။အမှန်ပေါ်တော့ ဖျက်လိုက်တယ်။

တောင်းပန်စရာ မလိုလို့လား။အမြဲတမ်း ပြည်သူတွေပဲ တောပန်နေရမှာလား။ ဒါက တရားမျှတမှု မဟုတ်ဘူး။ တာဝန်ယူမှု တာဝန်ခံမှု ခေါင်းဆောင်တွေကအစ မသိတတ်ရင် နောက်လိုက်တွေက ရှိမယ်လို့ ဘယ်သူယုံကြည်မှာလဲ။

ဥပဒေ ကျောင်းသားတစ်ယောက် အနေနဲ့ ဥပဒေကိုတော့ မစော်ကားချင်ဘူး။ ဥပဒေကို အကာကွယ်ယူပြီးနေတဲ့ နောက်ကွယ်က လူတွေကိုပဲ ပြောချင်တယ်။ 

အခုခေတ် လူတွေက အမှန် မမြင်တတ်တော့တာလား ဒါမှမဟုတ် အမြင်မှန် မရှိတော့တာလား မသိတော့ပါဘူး။

ရှေ့ရိုးစွဲ ရှိနေသ၍ ဒီလိုဖြစ်နေမှာပဲ လို့ လွတ်တော် ဥက္ကဌကြီး ပြောခဲ့တာ သိပ်မှန်တယ်။ခေါင်းဆောင်တွေ ကိုယ်တိုင် လူမျိုးရေး မုန်းတီးမှုတွေ လုပ်နေတော့ နောက်လိုက်တွေက မသိနားမလည်ပဲ မုန်းကြတာပေါ့။


တကယ်တော့ သူတို့တွေက ခေါင်းဆောင်ကို ဉာဏ်ပညာနဲ့ ပြည့်စုံပြီး အရာရာကို အမှန်ကို လုပ်ဆောင်နေသူ အားကိုးထိုက်သူ ဆိုပြီး ယုံကြည်ကြပြီး နောက်လိုက်ကြတာ သူတို့ မမှားပါဘူး။ဒါတွေ အားလုံးက ခေါင်းဆောင်တွေရဲ့ မိုက်မဲမှုတွေကြောင့် ဖြစ်လာတဲ့ ပြသာနာတွေချည်းပဲ။

October 24, 2017

ဘာကြောင့် ရိုဟင်ဂျာများ ထွတ်ပြေးနေကြသလဲ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ဒေသခံရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံဖို့ သွားနေကြတာပါလို့ သိရပါတယ်။ယခုလို ထွက်ပြေးနေရတဲ့ အကြောင်းရင်းမှာ မြန်မာ့ တပ်မတော်မှ စစ်သား အချို့နှင့် ရခိုင်အစွန်းရောက် အချို့ ပုံမှန် ခြိမ်းခြောက်မှုများ အပြင် အခြား အချက် () ချက်လည်း ရှိပါတယ်လို့ ဖော်ပြရာမှ သိရပါတယ်။


() အငတ်ဘေးကြုံတွေ့ရမယ့် အခြေအနေကို ရောက်ရှိနေခြင်း။

() အငတ်ဘေး မရင်ဆိုင်ရရန် မိမိတို့ရဲ့ ကိုယ်တိုင် လယ်မြေများမှ စပါးများ ရိတ်သိမ်းရန် ကြိုးစားသော်လည်း အာဏာပိုင်များက ခွင့်မပြုခြင်း။

() အာဏာပိုင်များက NVC ကဒ်များ အတင်း အဓမ္မ ပေးနေခြင်း။

ထိုကဲ့သို့သော ခြိမ်းခြောက်မှုများမှ လွတ်ကင်းရန် ထွက်ပြေးနေကြသည်။

October 21, 2017

ရိုဟင်ဂျာ ဆိုတာ မည်သူများ ဖြစ်ပါသလဲ?

ရိုဟင်ဂျာ မကြာခဏ "ကမ္ဘာ့ဖိနှိပ်အခံရဆုံးလူနည်းစု" အဖြစ်ဖော်ပြလေ့ရှိသည်။
သူတို့ကလူများစု ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသူမွတ်စ်လင်ဖြစ်ည့် တိုင်းရင်းသားအုပ်စု တစု ဖြစ်ကြသည်။ ရိုဟင်ဂျာများက အရှေ့တောင်အာရှတိုင်းပြည်များတွင်နေထိုင်ကြသော ဦးေရ 1.1 သန်းရှိပါတယ်။

ရိုဟင်ဂျာများသည် Rohingya သို့မဟုတ် Ruaingga ဘာသာစကား ပြောကြပြီး ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ တစ်လျှောက်လုံး ပြောကြပြီး အခြားေသာ ကွဲပြားည့် ဘာသာစကားမပြောတတ်ေပ။ သူတို့က နိုင်ငံမဲ့ သူပြန်ဆိုထားပြီး နိုင်ငံ၏ 135 တိုင်းရင်းသားအုပ်စုများဟု စဉ်းစားကြသည်မဟုတ်နှင့် 1982 ခုနှစ် ကတည်းက မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို ဥပ ေဒ အရ ငြင်းပယ်ခံခဲ့ရသည်။
 
Photo Credit
ရိုဟင်ဂျာ အားလုံးနီးပါးသည် မြန်မာနိုင်ငံတွင်း  ရခိုင်၏အနောက်ဘက်ကမ်းရိုးတန်းပြည်နယ်မှာနေထိုင်ကြပြီး အစိုးရ ခွင့်ပြုချက်မရှိဘဲ စွန့်ခွာဖို့ ခွင့်ပြုခဲ့ကြသည်မဟုတ်။ ဒါဟာစုရုံးနေထိုင်ရာ ကဲ့သို့သော ဒုက္ခသည်စခန်းနှင့် အခြေခံ ဝန်ဆောင်မှုများနှင့် အခွင့်အလမ်းများမရှိခြင်းနှင့်အတူ နိုင်ငံတွင်းရှိ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။
 
ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းရာကြောင့် ရိုဟင်ဂျာ ရာပေါင်းများစွာ ထောင်ပေါင်း များစွာ၏ များစွာ အိမ်နီးချင်းနိုင်ငံများကို ကုန်းလမ်း သို့မဟုတ် လှေဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။
Author-Khin Maung Lwin (L.L.B)

October 20, 2017

ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး လွဲမှားသော အချက်များ ရိုဟင်ဂျာများသည် ဗမာ ဘာသာစကား မပြောနိုင်

လုံးဝ မှားပါသည်

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားဖြစ်ခဲ့ရာမှ ဖယ်ခံရပါသည်။ ရိုဟင်ဂျာများ ဘာကြောင့် ဗမာစကား မပြောတတ်သည်ကို ကျွန်တော်ဆွေးနွေးတင်ပြချင်ပါတယ်။

၁၉၇၄ အက် ဥပဒေ အရ တိုင်းရင်းသားများသည် မိမိ ဘာသာစကားကို လိုအပ်ပါက အသုံးပြုနိုင်သည်ကို ပြဌာန်းထားပါသည်။ ရိုဟင်ဂျာများ ဘာကြောင့် ဗမာစကား မပြောတတ်သည့် ဆိုလိုရင်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများသည် ရခိုင် တိုင်းရင်းသားနှင့် အခြား တိုင်းရင်းသားများ ကမန်၊ ချင်း၊မြူ၊ခမ၊ဒိုင်းနက်၊မာရမကြီးတို့နှင့်အတူတကွသမိုင်းတလျှောက်ယှဉ်တွဲနေထိုင်လာခဲ့ကြသည်။တိုင်းရင်းသားများသည် မိမိ ဘာသာစကားများကို သုံးစွဲ ပြောခဲ့ကြသည်။
ရခိုင်ပြည် ဒေသတိုင်းတွင် ဗမာ စကား သုံးစွဲသည့် အနေထား မတွေ့ရပါ။ဌာန ဆိုင်ရာ အသီးသီးတွင်လည်း ဗမာ စကား သုံးစွဲသည်ကို မနှက်သက်ကြပါ။ကျောင်း သင်ရိုးတန်းမှာလည်း ဗမာစာ သုံးထားသော်လည်း လက်တွေ့မှာ ရခိုင် တိုင်းရင်း ဘာသာ စကားဖြင့် သင်ပို့ချသည်။ ကျွန်တော့်ဧ။် အတွေ့ကြုံ အဖြစ်ပျက် ဖြစ်သည့် လူမျိုးရေး ခွဲခြားခံရသည်ကို တင်ပြပါမယ်။ ကျွန်တော် (၇) တန်း တုန်းက ကျွန်နော်တို့ အတန်းတွင် ရန်ကုန်မှ  နယ်ဆင်းရသည့် ဆရာမတစ်ဦး ရောက်လာပါသည်။ ဆရာမဟာ ကျွန်တော်တို့ ရိုဟင်ဂျာ ကျောင်းသားငယ်များ ဗမာ စကားမပြောပါသဖြင့် ပြောရန် အဖို့ တိုက်တွန်းပြီး သင်ယူရန် အားပေးခဲ့သည်။ကျွန်တော့်မိခင်ဟာ ရန်ကုန်သူ တစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနစ် အရေးခင်း မတိုင်မှီ ရခိုင်ပြည်ရှိ ဘိုးဘွားထံ သွားရောက် လှည့်လှယ်ရန် သွားခဲ့ရာ ၈၈ အရေးခင်း အပြီး ပြန်လှယ် မလာနိုင်တော့ပဲ ဆက်လက် နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ထို့ကြောင့် ကျွန်တော်တို့ဟာ သား သမီးတွေက အနည်းအကျဉ်း ပြောဆိုနိုင်ပါသည်။ကျွန်တော် ဆရာမနှင့် စကား အနည်းငယ် ပြောခဲ့ပါတယ်။ ဆရာမ စာသင်ချိန်ပြီးဆုံးပါသဖြင့် ဆရာမထွက်သွားခဲ့ပြီး ရခိုင် တိုင်းရင်းသား တစ်ဦး ဖြစ်သည့် အတန်းပိုင် ဆရာမက ဗမာ စကား ပြောဆိုသည်ကို အပြစ်ရှိသည်ဟု ယူဆပြီး တုတ်ဖြင့် ရိုက်ခဲ့ပါတယ်။ကျွန်တော်တို့ နေထိုင်သည့် အရပ်မှာ ရခိုင်ပြည်နယ် ဖြစ်သည့် အတွက် နောက်နောင် ဗမာ စကား မသုံးရန် သတိပေးခဲ့ပါတယ်။အပြစ်မဲ့ ရိုက်ခံရသည့် အတွက် ကျွန်တော့် အမေက ကျောင်းအုပ် ဆရာကြီးထံ တိုင်ကြားခဲ့ရာ ဆရာကြီးမှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ပြီး တစ်ပတ်ခန့်ကြာ ရန်ကုန်မှ လာရောက်သော ဆရာမအား ကျောင် ပြောင်းရွေ့လိုက်ပါတယ်။

မြို့ အနီးတ၀ိုက် ပညာသင်ကြားခွင့် ရသည့် ရိုဟင်ဂျာ လူတိုင်း ရခိုင် တိုင်းရင်း စကားနှင့် ဗမာဘာသာ စကားကို ကောင်းမွန်စွာ်ပြောဆိုနိုင်ကြပါသည်။သူတို့သည် မြန်မာ ဇတ်ကားများကို မြန်မာ့ ရုပ်မြင်သံကြား အစီစဉ်မှ ကြည့်ရှုကြပါသည်။ရိုဟင်ဂျာများ အများစုသည် ပညာသင်ကြားခွင့်မဲ့သည့် အပြင် လက်တွေ့ ဘ၀တွင်လည်း ဗမာ၊ ရခိုင် ဘာသာစကားသည် သူတို့ အဖို့ မရှိမဖြစ် လိုအပ်ကြသည့် အနေအထား မဟုတ်ပါသဖြင့် သုံးစွဲမှု မရှိပါ။ အများသိသည့် အတိုင်း ရခိုင်ပြည်နယ်သည် မြန်မာနိင်ငံတွင် အဆင်းရဲဆုံး ဖြစ်သည်။အများစုမှာ ဆင်းရဲသားများ ဖြစ်သည့် အတွက် သား သမီးများကို ကျောင်းပို့နိုင်ရန် ငွေမတတ်နိုင်ပါ။ ရွာတိုင်းတွင်လည်း သီးခြား ကျောင်းများ ဆောက်ထားပေးခြင်း မရှိပါ။

မကြာသေးမှီက ကျွန်တော် သတင်းစာမှာ ဖော်ပြထားသည့် အချက်တစ်ခု ပြောပြချင်ပါတယ်။ "ရခိုင်ပြည်နယ်တွင် ကျောင်း ဆရာ၊ ဆရာမများက ကျောင်းတတ်ချိန် မရှိပဲ လခ ထုတ်ယူနေသည့် သတင်းကိုလည်း သိရပါသည်။ပညာရေး ၀န်ကြီးမှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ အဘယ်ကြောင့် ဆိုသော် ထို နေရာ သေဒတွင် နေထိုင်ကြသူ ရိုဟင်ဂျာ အများစု ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသော ရခိုင် တိုင်းရင်းသား များသည်လည်း ရိုဟင်ဂျာ ဘာသာစကား တတ်မြောက်ကြပါသည်။ဒါဟာ နှစ်ဖက်စလုံး သဘောထား ကွဲလွဲမှု ကင်းစေပြီး ဆက်သွယ်၊ ပူပေါင်း နေထိုင်နိုင်ရန် လွယ်ကူစေသည်။

ရိုဟင်ဂျာများသည် ဘာကြောင့် ဗမာ စကား မပြောတတ်နိုင်ရသည့် အကြောင်းအရင်း များစွာ ရှိပါသည်။ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများသည် ဗမာ စကား မပြောတတ်သည့်အပြင် တိုင်းရင်းသားများလည်း ဗမာ စကား မပြောကြပါ။
လေ့လာ သိရှိချက် အရ- ကရင် သည်လည်း ထိုင်း (ယိုးဒယား) ဘာသာ စကားပြောတတ်ပြီး အခြား တိုင်းရင်းသား များသည်လည်း နယ်စပ် နိုင်ငံများ၏ ဘာသာ စကားနှင့် ဆင်တူသော စကားများ သုံးကြပါသည်။ဒါဖြင့် ဘာကြောင့် ရိုဟင်ဂျာများသာ ဗမာစကား မပြောတတ်သည့် အတွက် အပြစ်တင်နေရပါသလဲ?

ခေတ်လူငယ်တို့ ရင်ဆိုင်နေကြရသည့် ပြဿနာများ


ယနေ့ မျိုးဆက်သစ်လူငယ်များ ရှင်သန်လှုပ်ရှားနေရသည့်ခေတ်တွင် ပြဿနာပေါင်းစုံ ရှိနေသည့် အချိန်ကာလဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် (The Bobcat View) ဆိုသည့် စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ပါသည်။ ကျောင်းသား ကျောင်းသူ အများစုကို ကောက်ယူခဲ့သည့် စစ်တမ်းတွင် လူငယ်တွေ ယနေ့ ရင်ဆိုင်နေရသည့် ပြဿနာ ၁၀ ခုကို အကျဉ်းချုပ်အားဖြင့် သွားတွေ့ရသည်။

တစ်ဦးတည်းမိဘက ထိန်းကျောင်းမှုကို ခံနေရခြင်း

၁၉၅၀ ပြည့်နှစ်လောက်ကတည်းက အမေရိကန် ပြည်ထောင်စုတွင် မိမစုံ ဖကွဲ အိမ်ထောင်စုတွေ များလာသည်။ ထို့ကြောင့် အဖေ သို့မဟုတ် အမေတစ်ဦးတည်းက ထိန်းကျောင်းပြီး ကျွေးမွေးပြုစုရသောကြောင့် မေတ္တာမစုံသည့် အိမ်ထောင်စုတွေက များလာသည်။ ယနေ့ဆိုလျှင် တစ်ဦးတည်းမိဘအဖြစ် ခံယူကာ ထိန်းသိမ်းစောင့်ရှောက်နေကြရသည့် အိမ်ထောင်စုပေါင်း ၁၄ သန်းခန့်ရှိသည်။ ပျမ်းမျှ ကလေးပေါင်း ၂၈ သန်းခန့် မိဘတစ်ဦးတည်း၏ မေတ္တာဖြင့်သာ ရပ်တည်ခွင့်ရခဲ့ကြသည်။ ကလေးတစ်ဦးတည်း မေတ္တာငတ်ကာ ကြီးပြင်းလာခဲ့ရသဖြင့် သူတို့ဘဝတွေကလည်း ခက်ခဲလှသည်။ စီးပွားရေး အခက်အခဲတွေကြောင့် အိမ်ထောင်တွေ ရပ်တည်နိုင်ရန် ခက်ခဲလာသည်။ ကိုယ်လွတ်ရုန်းချင်သူတွေကြောင့် သားသမီးတွေ ထင်သလောက် မဖွံ့ဖြိုး မတိုးတက်နိုင်အောင် ဖြစ်နေကြရသည်။ ရပ်တည်နိုင်မည့် အချိန်လေး တစ်ချိန်တိုင်အောင် သူတို့မိဘတွေက မရပ်တည်ပေးနိုင်ခဲ့သဖြင့် လေလွင့်နေကြရသူတွေ ပိုများလာသည်။

မူးယစ်ဆေးနှင့် အရက် သောက်သုံးကြခြင်း

ယနေ့ခေတ် ရုပ်ရှင်ဗီဒီယိုများထဲတွင် လူငယ်တွေ သဘောကျသည့် သရုပ်ဆောင်တွေက စီးကရက်ကို လက်ကြားကမချ သောက်ပြနေကြသည်။ စီးကရက် သောက်ရခြင်းအား စတိုင်ကျသလိုလို၊ အားကျစရာလိုလို လုပ်ပြနေကြသည်။ အလားတူပင် အရက်လေး သောက်ပြလိုက်၊ မူးပြလိုက်၊ ရမ်းပြလိုက်တွေကလည်း နေရာမလွတ်လောက်အောင် ဖြစ်လာသည်။ အတုယူ မှားစရာတွေကို အတုယူစရာ ကောင်းအောင် လုပ်ပြနေကြခြင်းအား ခွင့်ပြုထားကြသည်။ ယနေ့ အထက်တန်းကျောင်းသား ၂၁ ရာခိုင်နှုန်းခန့်သည် မူးယစ်ဆေးနှင့် မကင်းနိုင်ပေ။ ၄၁ ရာခိုင်နှုန်းလောက်က အရက် သောက်ဖူးနေသည်။ စိုးရိမ်ထိတ်လန့်စရာပင်။

အရွယ်ရောက် မြန်လွန်းခြင်း

ကလေးတွေ ကလေးဘဝ ပျောက်ဆုံးနေခဲ့သည်မှာကြာပြီ။ ယနေ့ ခေတ်ပျိုသားသမီးတွေ အားလုံး သူတို့မိဘတွေ အရွယ်မတိုင်မီ အချိန်ကထက် အားလုံး သိ၊ အားလုံးတတ်၊ အားလုံးတွင် အတွေ့အကြုံတွေ ကောင်းကောင်းရှိနေကြသည်။ သူတို့တွင် သတင်းအချက်အလက်တွေ ရယူနိုင်စရာ နေရာတွေက များလှသည်။ ကလေးဘဝ အရွယ်မတိုင်မီ လူကြီးကိစ္စတွေ သိနေသလို၊ အရွယ်မတိုင်မီ စီးပွားရေး ဦးဆောင်နေကြရသည့် ဘဝတွေလည်း ရှိလာသည်။ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့် ဘဝကိုယ်ကျောင်းနေကြရသူတွေကလည်း များလာသည်။ 

ကျောင်းတွင် အကြမ်းဖက်မှု များလာခြင်း

ကျောင်းဆိုသည်မှာ ကလေးများအတွက် မဖြစ်မနေ ဖြတ်သန်းရမည့် နေရာတစ်နေရာ ဖြစ်နေပါသေးသည်။ ထို့ကြောင့် လုံခြုံစိတ်ချ၊ ဘေးကင်းပြီး ပျော်ရွှင်စွာ ပညာရှာရမည့် နေရာတစ်နေရာ ဖြစ်ရမည့်အစား အကြမ်းဖက်တိုက်ခိုက် အနိုင်ကျင့်မှုတွေ ပေါများလာသည်။ ကျောင်းဆိုသည်မှာ စစ်ပွဲကြီးတစ်ခုဖြစ်နေသည့် နေရာအသွင်ဆောင်လာသောကြောင့် ကျောင်းမသွားချင်သူတွေ များလာသည်။ အကြမ်းဖက် တိုက်ခိုက်ခြင်း ခံရမှုကြောင့် ရာနှင့်ချီပြီး သေဆုံးရမှုတွေ ရှိလာသည်။ သေနတ်နှင့်ပစ်ခြင်း၊ ဓားနှင့်ထိုးခြင်း၊ လက်သီးနှင့် ထိုးခြင်းများအပြင် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျပြီး သတ်သေနှုန်းတွေကလည်း ပိုများလာသည်။

စိတ်ဖိစီးမှု များလာခြင်း

လူငယ်တိုင်းတွင် ဖိစီးနေသည်မှာ ပညာ၊ အလုပ်၊ အောင်မြင်မှုများ ဖြစ်သည်။ ပညာတတ်အောင် သင်ချင်သော်လည်း ဘဝပေး အခြေအနေတွေကြောင့် အခက်အခဲတွေ အများကြီး ရှိနေသည်။ အခြေခံဖြစ်သည့်ပညာကို မရယူနိုင်သည့်အခါ အလုပ်ရော အောင်မြင်ရေးအတွက်ပါ သူတို့ စိတ်ဖိစီးမှုတွေ ဖြစ်လာကြရသည်။ သူတို့ အောင်မြင်လိုသော်လည်း အောင်မြင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် မည်သို့ စီမံခန့်ခွဲရမည်ကိုပါ သူတို့နားမလည်နိုင်အောင် ဖြစ်နေကြသည်။ စီမံခန့်ခွဲမှု ကောင်းလျှင်လည်း ဘဝတစ်ခု ပြောင်းလဲသွားနိုင်သည်ကို သူတို့ မသိသောကြောင့် စိတ်သောကတွေ ရောက်နေကြရသည်။

နိုင်ငံရေးနှင့် လူမှုရေး သောကရောက်ခြင်း

လူငယ်တွေ သတိမူသည်ဖြစ်စေ၊ သတိမမူသည်ဖြစ်စေ သူတို့ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဂယက်တွေက ရိုက်ခတ်နေမည်သာဖြစ်သည်။ သူတို့ခေတ်သည် ဆိုရှယ်မီဒီယာခေတ် ဖြစ်နေသည်။ ကောင်းခြင်း ဆိုးခြင်း အားလုံးကို နေ့တိုင်း သူတို့ ရင်ဆိုင်နေကြရသည်။ ခံစားနေကြရသည်။ တုံ့ပြန်နေကြသည်။ ဘယ်လမ်းကိုလျှောက်ပြီး ဘယ်သူ့နောက် လိုက်ရမှန်းမသိ ဖြစ်နေခြင်းကလည်း သူတို့ပြဿနာ တစ်ခုဖြစ်သည်။

ရုပ်ဝတ္ထုပစ္စည်းနောက်လိုက်ခြင်း

ယနေ့ခေတ်သည် ခေတ်မီပစ္စည်း၊ အလှအပ ပစ္စည်းများ၏ ဝန်းရံထိန်းချုပ်ထားခြင်းကို ခံနေရသည့်ခေတ်ဖြစ်သည်။ နည်းပညာ ပစ္စည်းတွေကို မက်မောစွာ မှီခိုနေကြသည်။ နောက်ဆုံးပေါ် ဆန်းသစ်သည်များကို ဝယ်ယူ ကိုင်တွယ်လိုကြသည်။ လှပသည့် ပစ္စည်းများကို ဝယ်သုံးချင်ကြသည်။ ထို့ကြောင့် ဖြစ်သည့်နည်းနှင့် ငွေရှာလိုသည့် စိတ်ဓာတ်တွေ ဖြစ်လာသည်။ ရုပ်ဝတ္ထု ပစ္စည်းအပေါ် မက်မောလွန်းခြင်းကြောင့် အဆိုးဘက် ပြောင်းသွားနိုင်သည့် အနေအထားတွေက ပြည့်နေသည်။

အဝလွန်လာခြင်း

ယနေ့ခေတ်လူငယ်တို့တွင် ပိန်ပိန်ပါးပါးစတိုင်ကို သိပ်မတွေ့ရတော့ပေ။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် ဝတုတ်တုတ်လူငယ်တွေ ပိုများလာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ တီဗီနှင့် ကွန်ပျူတာရှေ့တွင် အချိန်ဖြုန်းချိန်တွေက ပိုများလာသည်။ လေ့ကျင့်ခန်း လုပ်ရမှန်းမသိ။ နေ့မအိပ် ညမနား စားလိုက်၊ ကွန်ပျူတာ ဂိမ်းကစားလိုက်နှင့် ထိုင်လျက်အချိန် ဖြုန်းနေသူ များလာသည်။ ထို့ကြောင့် အဝလွန် ဝေဒနာများ ခံစားလာကြရသည်။

ပညာရေး အဟောသိကံဖြစ်ခြင်း

ပညာရေးတွင် တန်းတူညီမျှ အခွင့်အရေးတွေ မရကြသောကြောင့် စိတ်ဓာတ်တွေကျပြီး ကျောင်းစော စောထွက် လမ်းပေါ်ကို ရောက်သူတွေ များလာသည်။ ငယ်စဉ်ကတည်း ပညာသင်ခွင့် မရနိုင်လောက်အောင် ဆင်းရဲမွဲတေခြင်း၊ စစ်ပွဲများဖြစ်နေခြင်း၊ ဒုက္ခသည်များဘဝ ရောက်နေရခြင်း စသည့် အခက်အခဲပေါင်းစုံကို ကလေးများသည် အရွယ်နှင့်မမျှအောင် ခံစားနေကြရသောကြောင့် ပညာရေး အဟောသိကံ ဖြစ်နေရသည်။ World Inequality Database on Education စာရင်းအရ ကမ္ဘာတစ်ဝန်းရှိ ၂၅ ရာခိုင်နှုန်းခန့်သော ကလေးများသည် မူလတန်း ပညာကိုပင် မသင်နိုင်လောက်အောင်ဖြစ်နေရကြောင်း သိရသည်။

စီးပွားရေး အရွေ့အပြောင်း များခြင်း

ယနေ့လူ့ဘောင်သည် တံခါးဖွင့် စီးပွားရေး၊ ဈေးကွက်စီးပွားရေးစနစ်များကို အကောင်အထည် ဖော်နေသော ခေတ်ဟုဆိုပါသည်။ လူဦးရေ ပေါက်ကွဲနေသဖြင့် လုပ်သားအင်အားကိုလည်း အပြည့်အဝ လိုအပ်နေချိန်ဖြစ်သည်။ မဖွံ့ဖြိုးသည့်နိုင်ငံများတွင် လူသားရင်းမြစ်တွေ အလျှံပယ်ဖြစ်နေသည်။ ထို့ကြောင့် လူငယ်တွေ အလုပ်တစ်ခုခုရရန်မှာ အလွန်ခက်ခဲသည့် အနေအထားတွင် ရှိနေသည်။ အလုပ်ဖြင့် ဘဝကိုတည်ဆောက်ရန် ဦးတည်နေကြသော လူငယ်များအနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မရှိခြင်းက အကြီးမားဆုံးသော စိန်ခေါ်ထိုးနှက်ချက်ကြီး ဖြစ်နေသည်။